Catholic Archdiocese of Yangon

I can do all things in Christ who strengthens me. (Phil 4:13)

Catholic Archdiocese of Yangon

Sts. Peter & Paul’s Catholic Church (Insein)

Fr. Hyginus Myint Soe (Pastor).

2129, B.O.C. Station Road, Nanthagone Insein Tsp, YANGON,Tel: +95 (0)1 643781 .

Daily Masses:  6:00a.m.Mon,Tue(Eng.);Wed,Thu(Kayin);Fri,Sat(Latin) .

Sunday Masses:  7:30a.m.(Myan.),4:30p.m.(Myan.)

စိန်ပီတယ်၊စိန်ပေါ(လ်)ကျမ်းစာသင်ကျောင်း(အင်းစိန်)

ဤကျမ်းစာသင်ကျောင်းကို အစ၌သုံးဆယ်မြို့တွင် ၁၉၆၆ ခုနှစ်၌ ဂိုဏ်းချုပ်ဆရာတော်ကြီး ဂေးဗြီအဲလ်သိုဟေးမန်းဂါဘီက ဖွင့်လှစ်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အင်းစိန်(နံ့သာကုန်း)သို့ပြောင်းရွှေ့ခဲ့ပြီး၊ရဟန်းတော်များ၊ဘရာသာရ်များနှင့် သီလရှင်များ၊ကြီးကြပ်ကွပ်ကဲခဲ့လေသည်။၃၇ နှစ်အတွင်းဓမ္မဆရာ/မပေါင်း ၁၇၀၀ ကျော်မွေးထုတ်ပေးခဲ့သည်။

သင်တန်းလောင်းကျောင်းသား/သူများသည်ဝေးလံသော ကျေးလက်တောရွာများမှဖြစ်ကြပြီး၊ သင်တန်းပြီးသောအခါ ကျေးလက်တောရွာများ၌ပြန်၍ အသင်းတော်တာဝန်ထမ်းဆောင်ကြသည်။ နှစ်စဉ်သင်တန်းသား /သူ ၅၀ ဦးခန့်ကိုသင်ကြားပေးပြီး၊ သင်တန်းပြီးသောအခါ မိမိသာသနာ(သို့) လိုအပ်သောသာသနာနယ်များသို့ စေလွှတ်ခြင်းခံရ၍၊ ဘုရားစကားသင်ခြင်း၊ သာသနာနယ်များ၌ ရဟန်းတော်များအားကူညီခြင်း၊ ၀တ်ပြုကိုးကွယ်ခြင်း၌ဦးဆောင်ခြင်း၊ ဆရာဝန်နှင့် ဝေးသောနေရာ၌ ရှိသောသူများအား ဆေးကုသခြင်းတာဝန်များကို ထမ်းဆောင်ကြရသည်။ အထူးသဖြင့်၊ ဘုန်းတော်ကြီးများ မရောက်နိုင်သောနေရာများသို့သွားရောက်ပြီး သာသနာလုပ်ငန်းကို ဦးဆောင် ဦးရွက်ပြုကြရသည်။၂၀၀၄ ခုနှစ်ထိသင်တန်းကာကို ၁ နှစ်သာ သတ်မှတ်ထားခဲ့သော်လည်း၊၂၀၀၅ ခုနှစ်မှစ၍ ၂ နှစ်သင်တန်းသတ်မှတ်ခဲ့လေသည်။ ဤသင်တန်းကာလ ၂ နှစ်အတွင်း၌၊ ၀ိညာဉ်ရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍ အသီးသီးတို့ကိုလေ့လာဆည်းပူးရလေသည်။

Recent Sermon

ardinal Charles Bo’s (Finally, the patient shells can spread.)

Download

CBCM

Map of Archdiocese(YGN)