Catholic Archdiocese of Yangon

I can do all things in Christ who strengthens me. (Phil 4:13)

Catholic Archdiocese of Yangon

ရဟန်းမင်းကြီး ဖရန်စစ်၏ အထ္တုပ္ပတ္တိအကျဉ်းချုပ်

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးဘေနေဒစ်၏အရိုက်အရာကို မဆက်ခံမှီက ကာဒီနယ် ဂျေဟိုမာရီယို ဘာဂိုဂလီယို (Cardinal Jorge Mario Bergoglio) ဖြစ်ပြီး အာဂျင်တီးနားပြည် Buenos Aires ဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော် တစ်ပါးဖြစ်ပါသည်။

သူသည် ဒီဇင်ဘာလ ၁၇-ရက်နေ့ ၁၉၃၆ခုနှစ်တွင် Buenos Aires တွင် မွေးဖွါးခဲ့ပါသည်။ ဓာတုဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ကိုရရှိပြီးနောက်တွင် Villa Devoto ရဟန်းဖြစ်သင် ကျောင်းသို့ဝင်ရောက်ကာ ရဟန်းဘ၀၏ အခြေခံ ပုံသွင်းပြုပြင်မှုများကို လေ့လာဆည်းပူး ခဲ့ပါသည်။ မတ်လ ၁၁-ရက်နေ့ ၁၉၅၈ခုနှစ် တွင် ယေဇူးအသင်းဂိုဏ်း (Society of Jesus) ၏ ရဟန်းလောင်းကျောင်းသို့ ပြောင်းရွေ့ပြီး ထိုအချိန်မှာပင် လူမှုရေးနှင့်ဆိုင်ရာ ဘာသာရပ်ကို Chile မြို့၌ပြီးမြောက်အောင်မြင်စွာ သင်ယူခဲ့ပါသည်။ ၁၉၆၃-ခုနှစ်မှာ Beuenos Aires ကို ပြန်လည်ရောက်ရှိပြီး San Miguel ရှိ St. Joseph ရဟန်းဖြစ်သင်ကျောင်းတွင် အတွေးအခေါ်ပညာ ဘာသာရပ်ဘွဲ့ထူးကို ရရှိခဲ့ပါသည်။

၁၉၆၄ နှင့် ၁၉၆၅ခုနှစ်ကြားတွင် Santa Fe ရှိ အင်မာကိုလာတာ (Immacolata) ကောလိပ်တွင် စိတ်ပညာနှင့်စာပေ ဘာသာရပ်နှစ်ခုကို ပို့ချသင်ကြားပေးခဲ့ပါသည်။ ၄င်းနောက်မှာ Buenos Aires ရှိ EL Salvador တက္ကသိုလ်တွင် ထိုဘာသာရပ်များ ကို ၁၉၆၆ခုနှစ်တွင် ဆက်လက်သင်ကြားပေးခဲ့ပါသည်။
၁၉၆၇-၁၉၇၀ ခုနှစ်တွင် San Miguel ရှိ St. Joseph ရဟန်းဖြစ်သင်ကျောင်း၌ ဘုရားတရားနှင့်ဘာသာရေးဆိုင်ရာ (Theology) ကို သင်ယူခဲ့ပြီးဘွဲ့ရရှိခဲ့သည်။ ဒီဇင်ဘာ လ ၁၃-ရက်၊ ၁၉၃၆တွင် ရဟန်းသိက္ခာတော်မြတ်ကို ခံယူရရှိခဲ့ပါသည်။

၁၉၇၀-၁၉၇၁ခုနှစ် သုံးနှစ်တာ အစမ်းသပ်ခံသာသနာပြုခြင်းကို စပိန်ပြည် Alcala de Henares တွင် ပြည့်စုံခဲ့ပြီး ၂၂-ရက်၊ ၁၉၇၃ခုနှစ်တွင် ရာသက်ပန်းသစ္စာကို ပြုခဲ့ပါသည်။

၁၉၇၂-၁၉၇၃ခုနှစ်တွင် ကိုရင်များ(ရဟန်းလောင်း)၏ ဆရာအဖြစ် San Miguel ရှိ Villa Varilari တွင် ဘုရားတရားနှင့်ဘာသာရေးဆိုင်ရာဘာသာရပ် (Theology) ကို သင်ကြား ပို့ချပေးခဲ့ပါသည်။ ဇွန်လှိုင်လ ၃၁-ရက်နေ့ ၁၉၇၃ခုနှစ်၌ အာဂျင်တီးနားပြည်၏ ဒေသဆိုင်ရာ အကြီးအကဲအဖြစ် ရွေးချယ်ခံရပြီး ၆-နှစ်တာ အမှုတော်မြတ်ကို ထမ်းဆောင်ခဲ့ပါသည်။

၁၉၈၀ မှ ၁၉၈၆ခုနှစ် San Miguel တွင် အတွေးအခေါ်ပညာရပ်နှင့် ဘာသာရေးဆိုင်ရာ အတက်ပညာရပ်များကို သင်ကြားပြသပေးသော စာချပုဂ္ဂိုလ် အဖြစ်လည်းကောင်း၊ ရဟန်းဖြစ် သင်ကျောင်း၏ ကျောင်းအုပ်ဘုန်းတော်ကြီးအနေနှင့် လည်းကောင်း ဆက်ကပ်ခဲ့သည့်အပြင် San Miguel သာသနာပိုင် Patriarca San Jose သာသနာ၏ တရားဟော ရဟန်းတပါးအဖြစ် အမှုတော်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၆ခုနှစ် မတ်လတွင် ဂျာမဏီနိုင်ငံသို့ သွားရောက်ကာ ပါရဂူဘွဲ့ကို ရရှိပြီးမြောက် ခဲ့ပါသည်။ မိမိ အကြီးအကဲများ၏ ဆုံးဖြတ်ချက် အရ ၀ိညာဉ်ရေးဆိုင်ရာ လမ်းညွှန်သူအဖြစ်နှင့်လည်းကောင်း၊ အာပတ်ဖြေနားထောင်သူ ရဟန်းတပါးအဖြစ် လည်းကောင်း ဆက်ကပ်ရန် EL Salvador နှင့် Cordoba သို့ နေရချ စေလွှတ်ခြင်းခံခဲ့ရပါသည်။

မေလ ၂၀-ရက်၊ ၁၉၉၂ခုနှစ်တွင် Auca ၏ အမည်ခံဆရာတော်အဖြစ် နှင့် Buenos Aires ၏ လက်ထောက်ဆရာတော်အဖြစ် ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်က ရွေးချယ် တင်မြောက် ပေးခဲ့ပါသည်။

ကာဒီနယ် အန်တိုနီယို ကွာရာစီနို (Cardinal Antonio Quarracino) ထံမှ ဆရာတော်ဘိတ်သိပ်မင်္ဂလာ (Episcopal consecration) ကို Buenos Aires ကယ်သီဒြယ်တွင် ဇွန်လ ၂၇-ရက်၊ ၁၉၉၂ ခုနှစ်တွင် ရရှိခဲ့ပါသည်။
ဇွန်လ ၃-ရက် ၁၉၉၇-ခုနှစ် Buenos Aires ၏ ဂိုဏ်းချုပ်ဆရာတော်တပါးအဖြစ်နှင့် ကာဒီနယ် အန်တိုနီယို ကွာရာစီနို (Cardinal Antonio Quarracino) ၏ အရိုက်အရာကို ဖေဖေါ်ဝါရိလ ၂၈-ရက် ၁၉၉၈ခုနှစ်တွင် ဆက်ခံခဲ့ပါသည်။

ထို့ပြင် သူသည် ၂၀၁၁ခုနှစ် အောက်တိုဘာလ တွင် ဆရာတော်ကြီးများ၏ ဘာသာရေးဆိုင် တွေ့ဆုံစည်းဝေးသော အထွေထွေညီလာခံကြီးတွင် Adjunct Relator General ဖြစ်ခဲ့ပါသည်။

အာဂျင်တီးနားပြည်ရှိ ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌအဖြစ် နိုဝင်ဘာလ ၈-ရက် ၂၀၀၅ မှ နိုဝင်ဘာလ ၈-ရက် ၂၀၁၁-ခုနှစ် အထိ ဆက်ကပ် အမှုတော် ထမ်းဆောင်ခဲ့ပါသည်။

ဖေဖေါ်ဝါရီလ ၂၁-ရက် ၂၀၀၁ခုနှစ်တွင် သူသည် ရဟန်းအမတ် ( Cardinal ) အဖြစ် ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်က ရွေးချယ် တင်မြောက်ခဲ့ပါသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် Congregations for Divine Worship နှင့် Discipline of the Sacraments for the Clergy; Institutes of Consecrated life, Societies of Apostolic life, Pontifical council for the family and Pontifical commission for Latin America စသည့်အဖွဲ့အစည်းများတွင် အဖွဲ့ဝင် တဦးဖြစ်ခဲ့ပါသည်။
ရဟန်းသိက္ခာခံယူသည့်နေ့ – ဒီဇင်ဘာလ ၁၃ ရက်၊ ၁၉၆၉ ခုနှစ်
ဆရာတော် သိက္ခာခံယူသည့်နေ့ – ဇွန်လ ၂၇ ရက်၊ ၁၉၉၂ ခုနှစ်
ရဟန်းအမတ် ( Cardinal ) အဖြစ်တင် မြောက်သည့်နေ့ – ဖေဖေါ်ဝါရီလ ၂၁-ရက် ၂၀၀၁ခုနှစ်
ရဟန်းမင်းကြီး အဖြစ်ရွေးချယ်တင်မြောက်သည့်နေ့ – မတ်လ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

Recent Sermon

ardinal Charles Bo’s (Finally, the patient shells can spread.)

Download

CBCM

Map of Archdiocese(YGN)